Showing posts with label Non Latt. Show all posts
Showing posts with label Non Latt. Show all posts

Saturday, September 21, 2013

ဖျား တဲ့ နေ့

အဝေးရောက် တမ်းတစိတ်တွေနဲ့

တခါတရံ

အဖေ့ကို လွမ်းလိုက်

တခါတရံ

အမေ့ကို လွမ်းလိုက်

တခါတရံ

အဲဒီအချိန် ရဲ့ ငါ့ကို လွမ်းလိုက်

လွမ်းစရာ ရှိ နာစရာ နဲ့ ဖြေ ဆိုပေမယ့်

ရံဖန်ရံခါ

အဲဒီ အနာလေးတွေ ပြန်လွမ်း

ကိုယ်အနားမှာ ကိုယ်ပဲ ရှိတဲ့ အခါ

အိပ်မက် ဟာ ဆားမပါတော့ဘူး

ကိုယ့် နဖူး ကိုယ် ပြန်စမ်းမိချိန်မှာ

အဖျားသွေး ဟာ တစ်ရာကျော်သွားခဲ့ပြီ ။

ဒီလို နဲ့

တခါသားတော့ …

မိဝေးဖဝေး မြို့ကြီးတစ်မြို့မှာ

အိုးပစ်အိမ်ပစ် အလွမ်းစစ်စစ် တွေနဲ့

သူမ တိုက်တဲ့ အမုန်းဆေးခါးတစ်ခွက် သောက်ရင်း

ကျွန်တော်

အလွမ်း ကိုယ်ခံအား ကောင်းခဲ့တော့တယ် ။   ။


နွန် လတ်

Monday, June 11, 2012

အကြောင်းအရာအတု



အချစ် တဲ့ …

လူကြိုက်များ တဲ့ ရုပ်ရှင်ကား မို့

လက်မှတ်ရဖို့ တန်းစီနေရတာ နဲ့ ပဲ

ဝင်မကြည့်ဖြစ်လိုက်ဘူး ။

နွန်လတ်


LinkWithin

Related Posts Plugin for WordPress, Blogger...