Showing posts with label Sunday Noon. Show all posts
Showing posts with label Sunday Noon. Show all posts

Friday, July 27, 2012

အမည်မဲ့ (၂)

အကယ်၍

နှင်းဆီခင်းထဲမှာ

မြက်ပင်လေးတစ်ပင် ပေါက်နေမယ် ဆိုရင်

နှင်းဆီပင် အနှုတ်ခံရမလား

မြက်ပင် အနှုတ်ခံရမလား

ဒီလိုနဲ့

မြက်ပင်လေး မသေခင် ပြောသွားတယ်

နာကြည်းစွာနဲ့ပေါ့ ...

ဟိုတစ်ချိန်တုန်းက

ဒီနေရာမှာ

မြက်ရိုင်းတောကြီးသာ ရှိခဲ့တာ

မမေ့ပါနဲ့ ...။   ။

SUNDAY NOON

L' isommie

ဟန်ဆောင်ကောင်းလွန်းတဲ့

လောကသားတွေ အလယ်

အမှန်တရားကို ဖွေရှာဖို့ အတွက်

အတွေးတစ်ချက်ပဲ လိုတယ် ။

နေပါစေ ... နေပါစေတော့ ...

ချစ်ခြင်း ၊ မုန်းခြင်းကင်းတဲ့ ကမ္ဘာကိုရောက်ဖို့

ငါ အိပ်ပျော်နေလို့ မရပါဘူး

ကောင်းကင်က ပထမဆုံး နှင်းစက်ရဲ့

မြေကမ္ဘာ အတွေ့အကြုံက ခါးသီးလွန်းတယ်။

တာဝန် ဆိုတာကလည်း

ဖိစီးနေသေးပြန်တော့

နှင်းစက်တွေ ... မိုးစက်တွေ

ဖုန်မှုန့် နဲ့ အတ္တတွေကြား

ရောပြွမ်းလို့ ကခုန်နေကြသေးလေရဲ့ ...

တကယ်ပါ

အိပ်မက်တစ်ခုလို

သက်တမ်းတစ်ခုက နိုးထချိန်

ချွေးစက်တို့ နဲ့

အဖြူရောင်လက်တွေက ကမ်းတဲ့

ပန်းပွင့်တွေကိုပဲ

ငါ

သီကုံးပန်ဆင်ခဲ့ပါတယ် ။   ။

SUNDAY NOON

Thursday, July 26, 2012

စိန်ခေါ်ပွဲ

လောကဓံ ... ရေ

ရက်စက်လိုက်စမ်း

နင် လှည့်စားရာ ... လမ်းတလျှောက်

ငါ ... အပြုံးမပျက်ခဲ့ဘူးနော်


လောကဓံ ... ရေ

ရက်စက်လိုက်စမ်း

နင် ... ကျီစားတယ် ဆိုပေမယ့်

ငါ့ ကျောမှာ ဒဏ်ရာ အထပ်ထပ်


လောကဓံ ... ရေ

ရက်စက်လိုက်စမ်း

နိုင်သူ စားစတမ်း

ဒီပွဲမှာ

ငါ့ ထမင်းလုတ် နင့်ကို ခွံ့ကျွေးလိုက်မယ်


လောကဓံ ... ရေ

ရက်စက်လိုက်စမ်း

ပန်းမ၀င်ခင်

ခြေထိုးခံခဲ့တဲ့ နင့်ကို

ငါ အနိုင်ပေးထားလိုက်ဦးမယ်


ကဲ ...

လောကဓံ ... ရေ


ဒီမှာ ကြည့်စမ်း

နင် အရမ်း မြင်ချင်နေတဲ့

ရှူံးသူ့မျက်နှာ

ငါ့ ဆီမှာ ရှိ ..... မရှိ

ရဲရဲကြည့်စမ်း

ငါ့ မျက်လုံးနဲ့ ငါ့ အပြုံး

နင် ရင်ဆိုင်ဝံ့ရင်

လောကဓံ ... ရေ

ကျောခိုင်းလိုက်တော့

ငါ့ လို အပြုံးမျိုး

နင်ပြုံးနိုင်ကာမှ

ငါ့ ကို စေ့စေ့ လာကြည့်လေ ...။   ။
 SUNDAY NOON

For me


နှလုံးသားကို ဓားနဲ့ မွှန်းမှ

စက်စက်ကျတဲ့ သွေး

မရဲသေးဘူး ဆိုရင်

Can't catch love from somebody


အသိစိတ် အစဉ်

စကားလုံးတွေ နဲ့ မွှန်းမှ

စက်စက်ကျတဲ့ မျက်ရည်

ကျနေသေးတယ် ဆိုရင်

Can't touch Love from family


ဘ၀တစ်ခုလုံးကို

အတ္တတွေ နဲ့ ဖုံးမှ

စက်စက်ကျတဲ့ ချွေး

ခါးနေသေးတယ် ဆိုရင်

Can't get love from my Soul


နားထဲကို တိုးဝင်လာတဲ့

ကြေးစည်သံ အချို့အတွက်

တစ်ချက်တော့ဖြင့်

စောင်းငဲ့ကြည့်ခဲ့ပါ့မယ် ...

Singing Old Song & let me go.

 SUNDAY NOON

Saturday, June 30, 2012

လွန်ခဲ့သော တစ်လ

MyLoveCafe Hosting Server မှာ Blog Site လေး ဒေါင်းသွားတုန်းက တင်ဖြစ်ထားတဲ့ 

POST ပါ ။ အမှတ်တရပေါ့ ... :)


မှတ်မှတ်ရရ ...

နှစ်ရက်လောက် Site ကို ဒေါင်းသွားတဲ့ အခြေအနေ နဲ့ ကြုံခဲ့ရပါတယ် ။

ကျွန်တော်ကပဲ ကံကောင်းမှုတွေ သိပ်များနေလို့လား မသိဘူး ။

အဆင်တပြေ နေ့တွေချည်း ဆက်တိုက်ကြုံနေရာက ဒီလိုမျိုး ကြုံလိုက်ရတော့ ...

တစ်ခါတစ်ခါ တွေးလေ့ ရှိသလို ဒုက္ခ ဆိုတဲ့ ကောင်ဆိုးလေးတွေ အစု နဲ့ အဖွဲ့နဲ့

လာတော့လေမလား လို့ တွေးပြီး လန့်မိပါရဲ့ ...။

ခုတော့ Blog ကို ပြန်ဖွင့်လို့ ရတဲ့ ပထမဆုံး အထိမ်းအမှတ် နဲ့ ရော ...

ဒီနေ့ အတွက် နောက်ထပ် ထူးထူးခြားခြား အနေ နဲ့ ကဗျာတစ်ချို့ကို ဆက်တိုက်လို

ဆက်ရေးဖြစ်လိုက်တဲ့ အခိုက်အတန့်လေး အတွက် ပါ

ဒီ ပို့စ်ကို တင်လိုက်ပါတယ် ခင်ဗျား ...။


“မလွမ်းရဘူး လို့ မပြောနဲ့ ...”


မလွမ်းရဘူး လို့ မပြောနဲ့

တစ်ခဏပဲ ဖြစ်ဖြစ်

မြင်လိုက်တွေ့လိုက်လိုတာလေးပါကွယ်

မကြာမကြာ ခွဲနေကြရမှာပါ ...

မလွမ်းဆွတ်လိုက်ရမှာတော့ ပူပင်မနေပါနဲ့

ငါတို့ ... စ ” လှမ်းထားတဲ့ လမ်း ...

ဝေတိေ၀၀ါး နိုင်ထားပုံ ကို က

ခိုးခိုးပြီး ရှိုက်သွင်းရတဲ့ အသက်ဓာတ် လို

လရောင်ထဲ က အနမ်း မျိုး ...။


1:00 PM 30th November 2009


“တစ္ဆေကြီးများနေ့...”

တစ္ဆေကြီးများ နေ့တဲ့...ကွယ် ...။

ငါ့မှာ ...

နာနာဘာဝ ၊ ၀ိနာဘာဝ

ဘယ် ပရလောကသားမှတော့ မတွေ့မမြင်ခဲ့မိပါဘူး ။

သူမပေးတဲ့ “အကြင်နာ” ဆိုတာနဲ့

နှလုံးခုန်သံ တစ်ချက်ကြားတိုင်း

လွမ်းဖို့ အသင့်ဖြစ်နေသော ဥာဉ်” ဖြစ်အောင်ပဲ

ခြောက်လှန့်ခံခဲ့ရတော့တယ် ။

1:16 PM 30th November 2009


“လုပ်စရာ ရှိတာ ဆက်လုပ်ပါ ဆိုပဲ ...”


သတိရခြင်း အရောင်နဲ့ လွန်းထိုးထားတဲ့

နေရောင်ခြည် မနက်ပေါ့ကွယ် ...

ဘယ် အသွေးအတောင် နဲ့ မှ

ငါ့ကို...

မသွေးဆောင်လိုက်ကြပါနဲ့ လေ...

ငါ့ ရင်ခုန်ခြင်း နဲ့ ငါ

အကျအပေါက် မှန်ဖို့တောင်

သူမကို လွမ်းဆွတ်ခြင်းကပဲ လာလာထိပါးနေပြန်လို့ ...။

1:31 PM 30th November 2009



ကျေးဇူးစကား



မရယ်…

လင်းပွင့်နေသော

ကြယ်တစ်စင်းလို

တိုးဝင်လာခဲ့ခြင်း အပေါ်

ကျေးဇူးပါ …



ဖေးငဲ့ တွဲလှည့်သော

လက်ခုံသေးသေးလေး တို့ အပေါ်

ကျေးဇူးပါ …


လျှောက်လမ်းကို

ထင်းထင်းရှင်းရှင်း

မြင်သာအောင် စွမ်းတတ်ပေးမှုတို့ အပေါ်

ကျေးဇူးပါ …


ဒဏ်ရာ အထပ်ထပ်

ကြော့နွမ်းနေသော ၀ိဥာဉ်အား

သိမ့်မူးငေးရီပေးသော

မျက်ဝန်းတို့ အပေါ်

ကျေးဇူးပါ …


ဝဲဘက်ရင်အုံ ဆီက

မြည်တမ်းသော အသံတိုင်းကို

အဓိပ္ပါယ် ပြည့်ဝပေးခဲ့ခြင်း အပေါ်

ကျေးဇူးပါ …


ဤ လက်အစုံ နှင့် ထုဆစ်သော

ကနုတ်ပန်း အား ဆင်မြန်းပေးပါ …

ဤ လက်အစုံ နှင့် ကမ်းလင့်သော

လမ်းငယ်တလျှောက် အဆုံးအထိ လှမ်းပေးပါ …


ဤ လက်အစုံ နှင့် ပြုစုသော

ကြင်နာခြင်း အား

ရင်တကိုယ်တာ အပြည့် ခံယူပေးပါ …


မ´အတွက်

ကျွန်တော် ရှိနေဖို့ လိုမယ် ထင်ရင်

ကျွန်တော့် အတွက်လည်း

မ´ရှိနေပေးဖို့ ပေါ့ … ။   ။





1st November 2009

@ Kandawgyi Lake

From 12:00 PM To 4:00 PM

ညီ

မြည်သံ ကြားတဲ့ ဖုန်း … နားထောင်မိချိန်

မင်း မဟုတ်တဲ့ အခါ …

ခေါက်သံကြားတဲ့ တံခါး … ဆွဲ အဖွင့်

မင်း မဟုတ်တဲ့အခါ …

အေးစက်နေတဲ့ … ကော်ဖီတစ်ခွက် ရဲ့ သခင်

မင်း မဟုတ်တဲ့ အခါ …

နားစွင့် မိတဲ့ ခြေသံတွေရဲ့ ပိုင်ရှင်

မင်း မဟုတ်တဲ့ အခါ …

တဆစ်ဆစ် … ထိုးဆွ

ကျဉ်ခဲ့ရ နှလုံးသား

အပြုံးများနဲ့ ဖုံးထားရင်း

တမိုးသောက်ချိန်မှာတော့ … အမှတ်မထင်

မျက်ဝန်းအဖွင့် … ထာဝရ

ငုံကြည့်နေမယ့် အပြုံးနွေးနွေး

မင်းဆီက နေ ရချင်ပါသေးတယ်…။   ။

SUNDAY NOON

1st November 2009

Poems Of Her

Your bad things...

That you make me

Head ache and

Stop my sleepy

By fiddling your load things

Which are not really exist

For me ...

SUNDAY NOON

Tears of your smiles

Of your eyes

Make the soul of

Someone's living.


SUNDAY NOON

What is life?

Can I ask her destination is what?

Now alive and die one day

And what a matter… Go away!

SUNDAY NOON

Life is not a morning us

So I lost and flying hope

Weep alone and laugh again

And …acting a play

Full of pains…

SUNDAY NOON




Just for you

When you see the sun,

You will feel warm like

I hug you; so I was born in

` Sunday´…

When you see the moon,

You will see my face

Smiling at you to

Create sweet dreams …

When you see clouds in sky

You will remember the cake use

Shared together

And you will smile … sweet smile

But …

If the rains come

I beg you not to remember

My tears of remembrance ( to you )

Who act in play and

Last fate forever.

SUNDAY NOON

2:15 AM12th June 2009

LinkWithin

Related Posts Plugin for WordPress, Blogger...